Articles, Media Coverage

အပိုင်း (၇) - ခေါင်းလျှော်ရည်ကို အသုံးပြုရင်း ဆောင်ရန် ရှောင်ရန်များ

22 April 2019

ရှန်ပူသုံးခြင်းရဲ့ ကောင်းတဲ့အချက်က ဆံသားကို နူးညံ့ပျော့ပြောင်းစေတယ်။ ပျကိဆီးနေတဲ့ ဆံသားကို ပြန်လည်ပြုပြင်ပေးတယ်။အညစ်အကြေး၊အဆီ၊ဖုန်၊ဗောက်ပျောကိစေတယ်။ 

မကောင်းတဲ့အချက်က Sodium laureth sulfate ပါလို့ မျက်စိထဲဝင်ရင် မျက်လုံးစပ်တာ၊ရဲတာ ရှိနိုင်တယ်။ ဆက်တိုက်အသုံးပြုရင် ခေါင်းကိုက်၊ခေါင်းမူး၊ မျက်သားတက်တာ ရှိနိုင်တယ်။ ဒီဖက်ခေတ်မှာ ဆံပင်ကျွတ်တာ၊ထိပ်ပြောင်တာ ခေါင်းလျှော်ရည်တွေရဲ့ ဆိုးကျိုးတခုကြောင့်လည်း ဖြစ်တယ်။ အထူးသဖြင့် အမြှုပ်ထွက်တဲ့ ဓာတုပစ္စည်း Sodium laureth sulfate, Sodium lauryl sulfate တွေဟာ ဆံပင်အရင်းက မွေးညှင်းပေါက်ကို ဒုက္ခပေးတာကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။ အကယ်၍ ခေါင်းလျှော်ရည်တမျိုးမျိုးကြောင့် ဆံပင်ကျွတ်ရင် တခြားခေါင်းလျှော်ရည်တခုခု ပြောင်းသုံး သင့်တယ်။

သတိပြုစရာအချက်တခုက ၁၉၇၀ လွန်နှစ်များအထိ ခေါင်းလျှော်ရည်ကို နေ့တိုင်းသုံးဖို့ အကြံပေးခဲ့တာရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခေါင်းလျှော်ပြီး ၁-၂ရက်အတွင်း ခေါင်းက အဆီပြန်ပြီး ဗောက်ထလာနိုင်လို့ ဖြစ်ပါတယ်။ သို့သော် နောက်ပိုင်းလေ့လာမှုတွေက မကြာခဏ ခေါင်းလျှော်ခြင်းဟာ အဆီဂလင်း ပိုမိုအလုပ်လုပ်ပြီး ဦးရေပြား အဆီပြန်တာ၊ဗောက်ထတာ ပိုမိုဖြစ်စေနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်။ 

ဒါ့ကြောင့် နေ့စဉ်ခေါင်းလျှော်ပေးခြင်းဟာ မကောင်းဘဲ တပတ်ကို နှစ်ကြိမ်(အလွန်ဆုံး သုံးကြိမ်)ခန့် ခေါင်းလျှော်ခြင်းကသာ ဦးရေပြားနဲ့ ဆံသားပျက်ဆီးမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်။

အပိုင်း (၆) - ဘူးပေါ်တွင် Ingredients များရေးလေ့ရှိသော နေရာနှင့် Ingredients များ ဖတ်နည်း

22 April 2019

Ingredients တွေကို ဘူးပါကင်ပေါ်၊ ဗူးခွံပေါ် ၊တချို့က စာရွက်သက်သက်၊ တချို့က ဘားကုတ်တွေရဲ့အောက်ကစာရွက်မှာ ( မြှားလေးပြထားရင် ခွာပြီးဖတ်လို့ရတယ် ) ရေးပေးလေ့ရှိပါတယ်။

Ingredients တွေကို ပါဝင်မှုပမာဏ များရာကနေ နည်းရာကိုပဲ စီပြီးရေးရပါတယ်။ သတိပြု စရာ ပါဝင်ပစ္စည်းတွေဆိုရင်တော့ သူတို့ကို ထိပ်ဆုံးကရေးရပါတယ်။ ပုံမှန်အားဖြင့် ပါဝင်မှု အများဆုံး ingredients 5 ခုကို ပထမဆုံးရေးကြတာဖြစ်ပါတယ်။၆ ခုမြောက်ကစပြီး ပါဝင်မှုဟာconcentration တော်တော်ကိုကွာသွားပါပြီ။ 

ပြင်းအားပမာဏ concentration 1% အောက်ပါတဲ့ ingredients ဆို ကြိုက်သလိုစီရေးလို့ရပါတယ်။Preservatives လို့ခေါ်တဲ့ တာရှည်ခံဆေးတွေဟာလည်း less than 1 % ပဲ ထည့်သွင်းရပါတယ်။ ရနံ့တွေဖြစ်တဲ့ Fragrance တွေကလည်း ထိုနည်း အတိုင်း ပါပဲ။

အပိုင်း -(၅) Shampoo မှာပါတဲ့ Ingredient များအကြောင်း

22 April 2019

အမှန်တော့ shampoo မှာ ဓာတုပစ္စည်းတွေအများကြီး ပါဝင်ပါတယ်။ ဒါ့ကြောင့် US FDA က ခေါင်းလျှာ်ရည်မှာ ထည့်သွင်းထားတဲ့ ပစ္စည်းအမျိုးအမည်တွေကို ဖော်ပြရမယ်လို့ ဥပဒေအရ တားမြစ်ထားပါတယ်။ ယေဘုယျအားဖြင့် ခေါင်းလျှော်ရည်တမျိုးမှာ sodium lauryl sulphate, sodium laureth sulphate, ammonium chloride, ammonium lauryl sulphate, glycol, polysorbate 20, polysorbate 80, citric acid, polyquaternium 10, quaternium 15, Methylisothiazolinone စတဲ့ ဓာတုပစ္စည်းတွေ ပါလေ့ရှိတယ်။

အိမ်မွေးတိရိစ္ဆာန်တွေမှာ သုံးတဲ့ ရှန်ပူတွေမှာတော့ insecticide ပိုးမွှားသတ်ဆေးတွေ ထည့်သွင်းလေ့ရှိတယ်။ pyrethrin , pyrethroid , carbaryl စတာတွေက တိရိစ္ဆာန်သုံး ရှန်ပူတွေမှာ အများဆုံးထည့် သွင်းလေ့ရှိတယ်။ 

တချို့ရှန်ပူတွေက gluten ဓာတ်မတဲ့တာကို ကာကွယ်ပေးတယ်။ ကလေးသူငယ်နဲ့ မွေးကင်းစတွေအတွက် သီးသန့်ထုတ်ထားတဲ့ baby shampoo တွေက အပျော့စားခေါင်းလျှော်ရည်ထဲ ပါတယ်။ baby shampoo တွေမှာ အမြှုပ်ထွက်ဆေး sodium lauryl sulfate မပါဝင်လို့ ကလေးတွေသာမက လူကြီးတွေလည်း သူံးစွဲနိုင်တယ်။ တချို့ ပစ္စည်းတွေက ဦးရေပြားထိခိုက်တာ၊ဓာတ်မတဲ့တာ ဖြစ်တတ်တယ်။ ဒါ့ကြောင့် ဥရောပမှာ ရှန်ပူလုပ်တဲ့ ဓာတုပစ္စည်း အမျိုးပေါင်း ၁၃၂၈ မျိုးထိ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

အပိုင်း (၄) - ခေါင်းလျှော်ရည်တစ်ခုဖြစ်ဖို့ ဘာတွေနဲ့ ပေါင်းစပ်ထားသလဲ

22 April 2019

ခေါင်းလျှော်ရည်လို့ပြောလိုက်တာနဲ့ နံပါတ်တစ် အမြှုပ်ထွက်ရမယ်။ နံပါတ်နှစ် ရနံ့ကောင်းရမယ်။ နံပါတ်သုံး ချေးနဲ့ အဆီ ကင်းစင်ရမယ်။ ဒီလိုဖြစ်ဖို့ ထည့်ရတဲ့ ဓာတုပစ္စည်းတွေလည်း မနည်းလှပါဘူး။ Shampoo တစ်ခု ဖြစ်ဖို့ ပေါင်းစပ်ပါဝင်တဲ့ ဓာတုပစ္စည်းတွေများစွာရှိပါတယ်။ ခေါင်းလျှော်ရည်တွေဟာ pH 7 အောက်ပဲရှိတာမို့ အက်ဆစ်ဓာတ်ဖက် အနည်းငယ်ရောက်တယ်။ အဓိက အကျဆုံး ပါဝင်ရမယ့် အရာကတော့ သန့်ရှင်းတဲ့ ရေပါပဲ။ 

ရေကိုတော့ PH Level 5 to 9 ကြားရှိရမှာဖြစ်ပြီး 50 to 60 % ထိ ပါဝင်ရမှာပါ။
ခေါင်းလျှော်ရည်သုံးတယ်ဆိုတာ ဆံသားနဲ့ ဦးရေပြားမှာရှိတဲ့ အညစ်အကြေးနဲ့ အဆီတွေကို သန့်ရှင်းစင်ကြယ် စေဖို့က အဓိက အချက်ပါပဲ။ အဲ့လိုဆံသားလေးသန့်ရှင်းစေဖို့ အဓိက ပါဝင်ရမယ့်ပစ္စည်းလေးကတော့ Surfactant လို့ ခေါ်တဲ့ Detergent လေးတစ်မျိုးပါပဲ။ သူကတော့ 25 % မှ 30 % ထိ ပါဝင်ရမှာဖြစ်ပါတယ်။
ခေါင်းလျှော်ရည်မှာပါဝင်တဲ့ Detergent ကြောင့် အဆီတွေရော အညစ်အကြေးတွေရော အားလုံးသန့်စင် သွားတဲ့အခါ ဆံသားမှာနူးညံ့မူမရှိပဲ ကြမ်းတမ်းသွားတာကြောင့် ဆံသားနူးညံ့ပျော့ပျောင်းစေဖို့ Conditioning Agent တွေကို သုံးပေးရပါတယ်။ အများအားဖြင့် ဆံသားနူးညံ့ပျော့ပျောင်းစေဖို့ Glycol distearate ဖယောင်း၊ silicone တွေကို ထည့်သွင်းကြပါတယ်။ Conditioning Agent ကိုတော့ 5 – 12%ထိသုံးပေးရပါမယ်။

နောက်ထပ် အဓိကကျတဲ့ ပစ္စည်းလေးတွေက Special Additives လေးတွေဖြစ်တဲ့ ဗောက်ပျောက်စေဖို့ ထည့်ရမယ့် Menthol ၊ကာလာဆိုးထားတဲ့ ဆံသားလေးတွေအတွက် အသုံးပြုပေးရမယ့် Ingredients လေးတွေထည့်ပေးရပါမယ်။ 

နောက်တခုက ခေါင်းလျှော်ရင် အမြှုပ်ထွက်အားလေးတွေကောင်းနေဖို့ကလဲ အရေးကြီးတဲ့ အချက်လေး တစ်ခုပါပဲ။အမြှုပ်ထွက်အားလေးကောင်းဖို့ကိုလဲ Foaming Agent လေးထည့်ပေးရပါမယ်။ ပြီးမှ အနံ့လေးတွေ မွှေးပြီး ၊အရောင်လေးတွေ လှစေဖို့ Odor နဲ့ Color လေးတွေထပ်ထည့်ပေးရမှာပါ။ နောက်ပိုင်းမှာ (Preservative) ကြာရှည်ခံဓာတုဆေးတွေနဲ့ (Perfume) ရနံ့တွေပါ ထည့်သွင်းလာကြတယ်။